မေမေဂျယ်လီစက်ရုံ၊ အချိုရည်စက်ရုံ၊ ဆပ်ပြာစက်ရုံ၊ ပလတ်စတစ်စက်ရုံများမှ အကျိုးအမြတ်အားလုံးကို မေမေဖောင်ဒေးရှင်းအတွက် ရာနှုန်းပြည့်အသုံးပြုပါသည်။

 

ဖောင်ဒေးရှင်းအကြောင်း


မန္တလေးမြို့နေ အဖဦးစိုးငြိမ်း အမိဒေါ်မြကျင်တို့၏ သား ဦးဟန်ဝင်းစိုး (ခ) ဦးစိုးမိုးနိုင်သည် အများအကျိုးကို မည်သည့်မျှော်လင့်ချက်မှမရှိဘဲ ဆောင်ရွက်လိုသည့်စိတ်စေတနာဖြင့် မေမေဖောင်ဒေးရှင်း (Mother Foundation) ကို ၂၀၁၅ ခုနစ် ဇန်နဝါရီလ (၄) ရက်နေ့တွင် စတင်တည်ထောင်ခဲ့သည်။

 

ခံယူချက်


လောကအတွက်အမွန်မြတ်ဆုံးပေးဆပ်ခြင်းသည် ပရဟိတလုပ်ခြင်းပင်ဖြစ်သည်။ မေမေဖောင်ဒေးရှင်း (Mother Foundation) သည် ကျွန်တော်၊ကျွန်မတို့၏ ဘ၀ဖြစ်သည်။ မေမေဖောင်ဒေးရှင်း (Mother Foundation) သည် အားလုံးအတွက် ဖြစ်သည်။ ကျွန်ုပ်တို့၏ဘ၀များ ပရဟိတစိတ်များနှင့် အလှဆင်ထားသော မေမေဖောင်ဒေးရှင်း (Mother Foundation) ၏ ဦးတည်ချက်လုပ်ငန်းများကို မျှဝေခံစားထိုက်သူအပေါင်းအတွက် ပေးဆပ်နေခြင်းသည် ကျွန်ုပ်တို့၏ ခံယူချက်ဖြစ်သည်။

ရည်မှန်းချက်


တိုတောင်းလှတဲ့လူ့ဘဝကို ပင်ပန်းဆင်းရဲကြီးစွာဖြင့် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးကိစ္စတွေကို ဖြေရှင်းဖို့ မနိုင်မနင်းဖြစ်နေကြတဲ့ ကမ္ဘာသူကမ္ဘာသား၊ လောကသားအားလုံးကို အယုတ်၊ အလတ်၊ အမြတ်မရွေး မိမိတို့တတ်နိုင်သလောက် နှောင်ကြိုးမဲ့စောင့်ရှောက်ကူညီလှူဒါန်းသွားဖို့က မေမေဖောင်ဒေးရှင်း (MOTHER FOUNDATION) ရဲ့  ရည်မှန်းချက်ပါ။

ဆန္ဒ


အမြင့်ကိုရောက်တယ်ဆိုတာ ကိုယ့်ထက်နိမ့်ကျသူတွေကို ငုံ့ကြည့်ဖို့ချည်းပဲ မဟုတ်ဘူး . . . ကိုယ်တတ်နိုင်သလောက် ဆွဲတင်ပေးဖို့ . . . အခက်အခဲဖြစ်နေသူအားလုံးကို စိတ်ရင်းစေတနာပြည့်ဝစွာဖြင့် အဆင်ပြေအောင် ဖြည့်ဆည်းပေးချင်တာ မေမေဖောင်ဒေးရှင်း (MOTHER FOUNDATION) ရဲ့ ဆန္ဒပါ။

မျှော်လင့်ချက်


လောကလူသားတွေရဲ့ အရေးပေါ်လိုအပ်ချက်များကို မေတ္တာတရားအပြည့်အဝဖြင့် မိမိတို့ တတ်စွမ်းသမျှ ကူညီကယ်တင်နိုင်ဖို့ကမေမေဖောင်ဒေးရှင်း (MOTHER   FOUNDATION) ၏ မျှော်လင့်ချက်ပါ။

 

ယုံကြည်ချက်


ပရဟိတမလုပ်သူနှင့် တစ်သက်တာလက်တွဲခြင်းထက် ပရဟိတလုပ်သူနှင့် တစ်မနက်လက်တွဲခြင်းက ပို၍အကျိုးရှိ၏။

 

ပရဟိတနှလုံးသား


       အခက်အခဲနှင့် ဒုက္ခပေါင်းစုံကို မိမိတို့ကိုယ်တိုင်က ခံစားသုံးစွဲပြီး ချမ်းသာသုခမှန် သမျှကို သူတစ်ပါးတို့အား ပေးဆပ်နေကြသူများပါ။